ပေါင်းတည် ဇူလိုင် ၄
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ရက်(စနေ)နေ့တွင်ကျရောက်မည့်(၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ ညောင်ဖြူကျေးရွာအုပ်စုအတွင်းရှိ အသင်းပိုင် ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးခိုင်နှင့် မြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌဦးထွန်းကြည်တို့ဦးဆောင်၍ စားပင်သီးပင်များဖြစ်သည့် ငှက်ပျောပင် ၂၀၀၊ သရက်ပင် ၅၀၊ ပိန္နှဲပင် ၅၀၊ ကြောင်လျှာပင် ၁၀၀နှင့် ဆူးပုတ်ပင် ၁၀၀တို့ကို ဝန်ထမ်း ၁၅ ဦးနှင့် ငါးမွေးမြူရေးကန်လုပ်သားများ ပူးပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေသား