လပွတ္တာ ဇူလိုင် ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်စေရန် ယနေ့နံနက် ၇ နာရီအချိန်က လပွတ္တာမြို့ နန္ဒဝန်ပျံကျဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာ၌ ခရိုင်နှင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ဆန်(၁)ပြည် (၂၀၀၀)ကျပ်နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီတစ်ပိဿာဘူးအပါ (၇၀၀၀)ကျပ်နှုန်းဖြင့်(၁၁၀)ပိဿာ၊ ကြက်ဥ(၁)လုံး(၃၃၀)ကျပ်နှုန်းဖြင့် အလုံး(၉၀၀)နှင့် ကြက်သားတစ်ပိဿာ(၁၂၀၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၁၀)အား ဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး အောင်ဖုန်းဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဒေါ်လေးမြမြဦးနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးတို့မှ ကြည့်ရှုအားပေးခဲ့ကြပြီး (၁)ပတ်လျှင် နှစ်ကြိမ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း