ရွှေတောင် ဇူလိုင် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များမှ ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ရွှေတောင်မြို့နယ်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းလျက်ရှိသည့် ထန်းလုံးချောင်းတာတမံတွင် ရေဘေးကြိုတင်ကာကွယ်ရေးအတွက် တာတမံကြံခိုင်မှုရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကျောက်မြင့်ကျေးရွာအုပ်စု၊ ကျောက်မြင့်ရွာဟောင်းကျေးရွာနေ ဦးစိုးနိုင်၏ဥစားကြက်(တစ်ပိုင်တစ်နိုင်) အကောင်ရေ(၁၅၀)မွေးမြူးထားရှိမှုအခြေအနေနှင့် ဦးဝင်းမောင်၏ ဒေသနွားကောင်ရေ(၃၀) မွေးမြူထားမှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ကျေးလက် လမ်းဖွံဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရှားတိုင်း-ပွဲသာ-ကျောက်ထရံလမ်း (၄)ဖာလုံ မြေသာတာဘောင်ချဲ့၍ ကျောက်ချောခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် လမ်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရွှေတောင်မြို့နယ်၊ ညောင်စာရေးကျေးရွာ အုပ်စုကုက္ကိုလ်တန်းကျေးရွာနှင့် ဆင်ရွာကျေးရွာဆက်သွယ်သည့်(၁၀"x၂၀") တံတားတည်ဆောက်နေမှုအခြေအနေများတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ညောင်စာရေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ညောင်စာရေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်းဆွေးနွေး၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စစ်ဆေးရာသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေး မွေးမြူရေး ကြီးကြပ်မှုကော်မတီပါ အဖွဲ့ဝင်များ၊ မြို့နယ်လမ်းဦးစီးဌာန၊ လမ်းကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနတို့မှ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဆောင်ရွက်ထားရှိမှုများအပေါ် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း(ပြန်/ဆက်)