ကလေးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲပြုလုပ်

ကလေး၊ ဇူလိုင် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)  ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ဝန်ထမ်းများ  လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးဆွေနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူဖြစ်စေသောကြောင့်  ဆွေးနွေးပွဲများကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က ရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်း(၆)တွင်ပါရှိသော ရုံးသုံးပစ္စည်းအမျိုးအစားများ၊ ပစ္စည်းမှာယူခြင်း၊ ပစ္စည်းလက်ခံခြင်း၊ ပစ္စည်းစာရင်းထားရှိသိုလှောင်ခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းမှပယ်ဖျက်ခြင်း စသည့်အကြောင်းအရာများကို  အကျယ်တဝင့်ဦးဆောင်ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)