မော်လမြိုင်ကျွန်းမြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ (World Rural Development Day)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်စိုပြည်ရေး၊ ကျေးရွာလမ်းဘေးဝဲယာတွင် အရိပ်ရစေရေး၊ ပန်းအလှပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပဆောင်ရွက်သည်။