မြန်အောင်မြို့နယ်၌ ကမ္ဘာ့ကျေးလက်ဖွံဖြိူးရေးနေ့ကိုကြိုးဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြန်အောင် ဇူလိုင် ၄

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကျေးလက်ဖွံ့ဖြိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက မြန်အောင်မြို့နယ်၊ ဆန်နီချောင်ကျေးရွာအုပ်စုရှိ ခေတ်မီစံပြကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဆန်နီချောင်ကျေးရွာအဝင် လမ်းဘေးတွင် ယနေ့နံနက်က အရိပ်ရ၊ ကြီးမြန်လေကာသစ်ပင် ၁၀၀ ကို စုပေါင်း စိုက်ပျိုး ခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးမောင်တင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးတင်ထွန်းအောင်၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးသန်းစိုးဦး တို့ကဝန်ထမ်းများနှင့် ဆန်နီချောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ထံသို့ စိုက်ပျိုးမည့်ပျိုးပင်များအား ဖြန့်ဝေပေးပြီး ခရိုင်နှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများ၊ အ.ထ.က(ခွဲ)ဆန်နီချောင်မှ ကျောင်းသားကျောင်းသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသူကျေးရွာသားများက ကြီးမြန်လေကာသစ်မျိုးများဖြစ်သည့် မဟော်ဂနီနှင့်မန်ဂျန်ရှားပျိုးပင် ၁၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)