နတ်မောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)ရှိ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။

နမ့်စန်တွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထ‌ရောနစ် မဲပေးစက် (MEVM) အသုံးပြုမှုဆိုင်ရာ ဆင့်ပွားသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထ‌ရောနစ်မဲပေးစက် (MEVM) အသုံးပြုမှုဆိုင်ရာဆင့်ပွား သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံဧက (၂၅၉၀၀)လျာထား စိုက်ပျိုးဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံဧက (၂၅၉၀၀)လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ ချည်မျှင်ရှည်ဝါသီးနှံ (၁၂၅၄၁)ဧက စိုက်ပျိုးဆောင်ရွက်ပြီးဖြစ်သည်။

မိုင်းပန်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ဝါဆိုလပြည့်(ဓမ္မာစင်္ကြာနေ့)တွင် မန္တလေးစွယ်တော်ဘုရား၌ ဘုရားဖူးသူများ စည်ကား

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ဝါဆိုလပြည့်(ဓမ္မာစင်္ကြာနေ့)တွင် မန္တလေးစွယ်တော်ဘုရား၌ ဘုရားဖူးသူများ စည်ကား

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ ရန်ကုန်မန္တလေးကားလမ်းဘေးတွင် ဆည်ထားကိုးကွယ်တော်မူထားသော မန္တလေးစွယ်တော်မြတ်စေတီတွင် ဝါဆိုလပြည့်နေ့ (ဓမ္မာစင်္ကြာအခါတော်နေ့) ဘုရားဖူးပြည်သူများ အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုရုံး(Community Center)ခန်းမ၌ ယ‌မန်နေ့မွန်းလွဲ ၁ နာရီ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်းစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်း စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)၌ ကျင်းပခဲ့သည်။

စလင်းမြို့နယ် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော် (သစ်စိမ်းမြေသြဇာ) ထည့်သွင်းခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ရှမ်းစုကျေးရွာအုပ်စု၊ ဝက်သိုက်ကျေးရွာ  ကွင်းအမှတ်၅၆၉၊  ဦးပိုင်အမှတ်  ၃၄၊  တောင်သူ  ဦးသန်းဌေးအောင်၏  လယ်မြေ  ၅.၀၀ ဧကတွင်၊  မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (ပိုက်ဆံလျှော်)သစ်စိမ်းမြေသြဇာ  ထည့်သွင်းခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to