တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကော့သောင်းမြို့နယ်အသင်း တံခွန်စိုက်ဆုဆွတ်ခူး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက်(အမျိုးသား)ဖူဆယ်ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် အခမဲ့ငှားရမ်းပေးခဲ့သည်။

မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂) ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းဒေါင့်တွင် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့၏ ဇေယျာသီရိရဲဓမ္မာရုံ အမည်ပေးကင်ပွန်းတပ်ပွဲနှင့် ဓနုဖြူမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ယာယီရုံးခန်းဖွင့်လှစ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရဲတပ်ဖွဲ့၏ ဇေယျာသီရိရဲဓမ္မာရုံ အမည်ပေးကင်ပွန်းတပ်ပွဲနှင့် ဓနုဖြူမြို့နယ်ရဲမှုထမ်းဟောင်းအဖွဲ့ ယာယီရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားကို ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းက မြို့မရဲစခန်းဝန်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်းရတနာ အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားတက်ရောက်

သဲဖြူနှင့်မဟာမြိုင်တောရဆရာတော်ကြီးအမှူးပြု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တပည့် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသော မြတ်မော်‌တင်စွန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်း ရတနာအုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို ယမန်နေ့က ဟိုင်းကြီးကျွန်းမြို့၊ မြတ်မော်‌တင်စွန်းစေတီတော်မြတ်ကြီး၏ အနောက်ဘက်အရပ်ရှိ အာရုံခံတန်ဆောင်း ဆောက်လုပ်မည့်မြေနေရာတွင် ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့၌ ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) တွင် ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကားလျက်ရှိ

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါ​တော်နေ့) တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ ရှိ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာသိန်းလွင်ရေးသားသော ကိုယ်ကျင့်တရားနှင့်ဘဝအောင်မြင်ရေး အလေ့အကျင့်များစာအုပ်ဖြင့် ဇူလိုင်လ ၈ ရက်နေ့ည‌နေကလူငယ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖောင်းပြင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်းများဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ(၈)ရက်နေ့နံနက်(၁၀)နာရီအချိန်က ဖောင်းပြင်မြို့၊ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၉ ရက်နေ့၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ဒဂုံမြို့သစ်(​အရှေ့ပိုင်း)မြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်း​ကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိ‌သောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးခြင်းကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
Subscribe to