မိုင်းပန်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်

မိုင်းပန် ဇူလိုင် ၁၀

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/သူများအား စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ကျောင်းကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခြင်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းက စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိသင့်သိထိုက် ရှောင်သင့်ရှောင်ထိုက်သည်များကို ရှင်းလင်းဟောပြောခဲ့ပြီး သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာသန်းနိုင်က သွားဘက်ဆိုင်ရာကျန်းမာရေး၊ သွားတိုက်ပုံတိုက်နည်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများအား မျက်စိစစ်ဆေးပေးခြင်း၊ မိမိအိမ်သုံးဆားတွင် အိုင်အိုဒင်းဓာတ်ပါဝင်မှုစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါစစ်ဆေးပေးခြင်းနှင့် ပျိုဖော်ဝင်(၉)နှစ်နှင့်အထက် မိန်းကလေးငယ်လေးများအား ရာသီသွေးအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)