နမ့်စန်(တ) ဇူလိုင် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခေတ်သစ်ရောင်းဝယ်ရေး အသင်းဥက္ကဋ္ဌ ဦးအောင်ဆယ်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုက အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား ၂၀၈ ဦး၏ အစုပေါ်အမြတ်ငွေ စုစုပေါင်း (၂,၀၈၀,၀၀၀) ကျပ်ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့သည်။
အခမ်းအနားအပြီးတွင် ခေတ်သစ်ရောင်းဝယ်ရေး သမဝါယမအသင်း၏ အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)