ဝမ်းတွင်းမြို့နယ်၌ မြန်မာအီလက်ထ‌ရောနစ် မဲပေးစက် (MEVM) အသုံးပြုမှုဆိုင်ရာ ဆင့်ပွားသင်တန်း(၁/၂၀၂၅) ဖွင့်ပွဲ ကျင်းပ

ဝမ်းတွင်း ဇူလှိုင် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုမှုဆိုင်ရာဆင့်ပွား သင်တန်း (/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကော်မရှင်ရွေးကောက်ပွဲအရာရှိ ဒေါ်စမ်းမွန်ရည်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်း၊ မဲပေးစက်အား စမ်းသပ်ပေးမှုများ ပြုလုပ်ခဲ့သည့်။

အဆိုပါ မြန်မာအီလက်ထ‌ရောနစ်မဲပေးစက်(MEVM) အသုံးပြုမှုဆိုင်ရာ ဆင့်ပွားသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသား (၇၅)ဦး စုစုပေါင်းအင်အား (၉၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)