ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး၊ ပရိတ်တရားတော်များနာယူ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်း၌ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးသို့သွားရောက်၍ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးခဲ့ပြီး သဲဖြူနှင့် မဟာမြိုင်တောရဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။