ဇေယျာသီရိ ဇူလိုင် ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ရွှေဘိုပေါ်ဆန်း စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြေသိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာမှ တောင်သူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြေသိန်းက မျိုးစေ့နှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စိမ်းစားပင်ကျေးရွာမှ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးမည့် တောင်သူများအတွက် ကွန်ပေါင်းဓာတ်မြေဩဇာ၊ ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝမြေဆွေး၊ ပေါ်ဆန်းရင်စပါးမျိုး တစ်ဧက တစ်တင်းနှုန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)