ငပုတောမြို့၌ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဝါဆိုသင်္ကန်းဆက်ကပ် ခြင်းနှင့်ဥပုသ်သီလ ဆောက်တည်ကြသူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ ဝါဆိုသင်္ကန်း ဆက်ကပ်ခြင်းနှင့် ဥပုသ်သီလဆောက်တည်ကြ သူများဖြင့် စည်ကားလျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့အဝင်နုန်းတား ကျောက်စီလှိုင်းကာ ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး၊ ကျောက်ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသနေသော လူနာများအား သွားရောက်တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်း ကောင်းမွန်ရေးအတွက် ဟိုင်းကြီးချောင်းအဝတွင် နုန်းအနည်အနှစ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ရေအရင်း အမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက နုန်းတားကျောက်စီလှိုင်းကာ ဆောင်ရွက်ပြီးစီးမှု‌ေကြာင့် ဟိုင်းကြီး ချောင်းဝတွင် နုန်းအနည်အနှစ်များ ကျရောက်မှုကို တားဆီးပေးနိုင်မှု၊ ဟိုင်းကြီးချောင်းအတွင်း  ရေယာဉ်များ၀င်ထွက်သွားလာရာတွင် ပိုမိုအဆင်ပြေလွယ်ကူမှု အခြေအနေများအား ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိုးရာသီရေများချိန်တွင် နုန်းတားကျောက်စီ လှိုင်းကာ၏ ကြံ့ခိုင်မှုကို စဥ်ဆက်မပြတ်စောင့်ကြည့်၍ လိုအပ်ပါကအချိန်မီပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ မဟာအောင်မြေ ဇူလိုင် ၁၀ အောင်ဇော်မင်း

ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲ ၄၆၉ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံ မိုးမြေပဲ ၆၇၇ ဧက  စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၄၆၉ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက  ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏဖွံ့ဖြိုးစေရန်နှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက်နေ မိသားစုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဓမ္မမိတ်ဆွေသူတော်စင်များ၏ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၁)ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ (၁၁)ရပ်ကွက်လုံးဆိုင်ရာ သာသနာ့ဟိတ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးနဲမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်းတပ်ဖွဲ့ စာကြည့်တိုက်ရှိ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ယနေ့မွန်းလွဲ ၁နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ အ.ထ.က တွင် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဓမ္မစကြာရွတ်ဖတ်ပူဇော်

မိုးနဲမြို့ အ.ထ.က တွင် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဓမ္မစကြာရွတ်ဖတ်ပူဇော် မိုးနဲ ဇူလိုင် ၁၀ မြို့နယ်(ပြန်/ဆက်)
Subscribe to