လွိုင်လင်မြို့၊ ခရိုင်လူမှုဝန်ထမ်းရုံးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်

လွိုင်လင် ဇူလိုင် ၁၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံးခန်းမတွင် ပြုလုပ်ပါသည်။

ဦးစွာ လွိုင်လင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးက အဖွင့်အမှာစကားပြောကြားပြီးနောကိ Gender ,CEDAW , NSPAW နှင့်  UNCRC 1325 အကြောင်းကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးဖြူက ကလေးအလုပ်သမားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာလင်းက ၁၉၅၁ ခုနှစ် ခွက့်ရက်နှင့် အလုပ်ပိတ်ရက်အကြောင်းကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ မြို့နယ်ဦးစီးမှူး ဦးဟုန်းဘူက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောကြသည်။ ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းရှင်/အသင်းအဖွဲ့များမှ မေးမြန်းဆွေးနွေးကြပြီးနောက် ခရိုင်ဦးစီးမှူး ဒေါ်ခင်မေဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အသိပညာပေး ဟောပြောပွဲကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

လွိုင်လင်မိုး