ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဒေးဒရဲ ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုကစုပေါင်း၍ နှစ်စဥ်ပြုလုပ်မြဲဖြစ်သည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တောကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် ​ဘဒ္ဒန္တပညာစာရထံမှ တက်ရောက်လာသူများက သီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြသိန်းမောင်နှင့် ဝန်ထမ်းမိသားစုများက ဝါဆိုသင်္ကန်းနှင့် လှူဒါန်းဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်များ ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ 

အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအားဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များအား အာဟာရဒါနများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

အေဇာလင်း