နမ့်စန်(တ) ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် ကမ္ဘာသစ်ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးကျော်ရင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုနှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေတို့က အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကိုဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုက Grade-10 နှင့် Grade-11 တို့တွင် လူရည်ချွန်နှစ်ထပ်ကွမ်းရရှိခဲ့သော အသင်းသား ဦးခင်မောင်လတ်၏ သမီး မဖြူစင်ကြယ်ကို ပညာရည်ချွန်ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅သောင်းအား ဂုဏ်ပြုပေးအပ်ခဲ့သည်။
ထို့နောက် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား ၂၅၇ ဦး ၏ အစုပေါ်အမြတ်ငွေ စုစုပေါင်း ၁၇၉၉၀၀၀ ကျပ် ကို စနစ်တကျ ခွဲဝေထုတ်ပေး ခဲ့သည်။ အခမ်းအနားအပြီးတွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်း၏ အမှုဆောင်သစ်များပြန်လည်ရွေးချယ်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သူရအောင်(နမ့်စန်)