ကံမ ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇)နာရီက ကံမမြို့နယ်၊ စီကျေးရွာအုပ်စု ပုသိမ်-မုံရွာလမ်းဘေး မိုင်တိုင်အမှတ်(၁၅၁/၂)နှင့်(၁၅၁/၃)အနီး မြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် သရက်တပ်နယ်မှူး ဗိုလ်မှူးကြီးညီညီသွင်၊ သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့်အဖွဲ့ဝင်များ၊ ကံမမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများကတက်ရောက်၍ ကျွန်းပင်(၃၀၀)နှင့် ပျဉ်းကတိုးပင် (၃၀၀) စုစုပေါင်း ပျိုးပင်(၆၀၀)တို့ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ကံမမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များမျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများသစ်တောသစ်ပင်များ၏တန်ဖိုးကို သိရှိနားလည်စွာ သစ်ပင်များစိုက်သည့် အလေ့အကျင့်ကောင်းများရရှိပြီး သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)