မိုင်းကိုင် ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ ဝါဆိုပန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တစန္ဒာဝရနှင့် သံဃာတော်(၅)ပါး၊ ရှင်သာမဏေ(၇၄)ပါးနှင့် ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တက်ရောက်လာသော ဒါယိကာ၊ ဒါယိကာမများက ရဟန်းသံဃာတော်များ၊ ရှင်သာမဏေများအား ဝါဆိုပန်းစည်းများဆက်ကပ်ပြီးနောက် ကျောင်းတိုက်၏ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒာဝရအမှူးထား၍ ဗုဒ္ဓမြတ်စွာဘုရားထံဝါဆိုပန်းများဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ကုသိုလ်အမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဝါဆိုပန်းဆက်ကပ်လှူဒါန်းပွဲကို မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်၌ နှစ်စဉ်နှစ်တိုင်း ဝါဝင် ဝါဆိုလပြည့်နေ့တွင် ဥပုသ်သီလယဘုရားကျောင်းကန်သွားရောက်ကုသိုလ်ပြုပြီး ဥပုသ်သီလဆောက်တည်သည့်ပုဂ္ဂိုလ်များအား အကျွေးအမွေးဖြင့်ဧည့်ခံပြီးနောက် လပြည့်ကျော်တစ်ရက်နေ့ မွန်းလွဲပိုင်းတွင် ဝါဆိုပန်းများကို ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)