စေတုတ္တရာမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

စေတုတ္တရာ ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စေတုတ္တရာမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီက  စေတုတ္တရာမြို့နယ် မုန်းတံမံ ၄ မိုင် လမ်းခွဲမှ၂မိုင်၃ဖာလုံအနီးမြေကွက်လပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင်  စေတုတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများတက်ရောက်၍ ကျွန်း၊ မယ်ဇလီစသည့် ပျိုးပင် ၆၀၀ ကို အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

စေတုတ္တရာမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်များမျှတကောင်းမွန်စေရေး၊ ရေမြေထိန်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေးနှင့် ပြည်သူများသစ်တောသစ်ပင်များ၏ တန်ဖိုးကိုသိရှိနားလည်ကာ သစ်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများရရှိပြီး သစ်တော သစ်ပင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများတွင် နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေ စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)