စလင်း ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကြို့ဝန်းကျေးရွာအုပ်စု တည်ဘိုကန်ကျေးရွာ တည်ဘိုကန်ကြိုးပြင်ကာကွယ်တောအတွင်း သစ်တောမြေ(၁)ဧက၌ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေးလူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အမှတ်(၁၀၁)တပ်မဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇေယျာကျော်နှင့် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသီဟဇော်တို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များအားပေးအပ်ခဲ့ပါသည်။
ထိုနောက် အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးစေရန်ရည်ရွယ်၍ အမှတ်(၁၀၁)တပ်မဌာနချုပ်မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇေယျာကျော်၊ စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံကျေးရွာနေ ပြည်သူအင်အား (၂၇၇)ဦးတို့က စုပေါင်း၍ မဲဇလီ(၂၀၀)ပင်၊ တမာ(၁၀၀)ပင်၊ စုစုပေါင်းပျိုးပင်(၃၀၀)အား ပြည်သူအားလုံးပူးပေါင်းပါဝင်လှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)