နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တပ်ကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုအားပေး
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကုသရေးဦးစီးဌာန၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန၊ တပ်ကုန်းမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ ပင်စင်လစာထုတ်ယူနေမှုနှင့် တပ်ကုန်းကုတင် (၁၀၀)ဆေးရုံမှ အထူးကုဆရာဝန်များက အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်တစ်ဆူ၊ ကြက်ဥငါးလုံးနှင့် ခေါက်ဆွဲခြောက်ငါးထုပ်စီ လှူဒါန်းပေးအပ်ခဲ့ပြီး အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။