မဟာအောင်မြေမြို့နယ် အုတ်ကျင်းဓမ္မာရုံ၌ ပြည်သူများအားတီဘီရောဂါရှာဖွေဖော်ထုတ်ကုသ

‎‎မဟာအောင်မြေ မေ ၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အုတ်ကျင်းဓမ္မာရုံတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)နှင့် မဟာအောင်မြေပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသပေးခြင်း၊(အခမဲ့)ဆေးကုသပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကွင်းဆင်းကုသပေးရာသို့ အထက်မြန်မာပြည် တီဘီရောဂါကုသရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ထွန်းနှင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် ကျန်းမာရေးဝန်ထမ်းမျာက ရက် ၁၀၀ စီမံချက်တွင် ပါဝင်သည့် တီဘီရောဂါရှာဖွေဖော်ထုတ်ရေးနှင့် NCD clinnic ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ရာ တီဘီရောဂါရှာဖွေ ကုသသူပြည်သူ ၁၆၁ ဦး၊ CXR ရိုက်သူ ၁၅၅ ဦး၊ GXP စစ်ဆေးသူ ၃၃ ဦး၊  TPT တိုက်ကျွေးသူ ၁၀ ဦး၊တီဘီ​ရောဂါရှာဖွေတွေ့ရှိသူ ၁ ဦးတို့အား အထူးကြပ်မတ်ကုသပေးခဲ့ကြောင်း  သိရပြီး မဟာအောင်မြေမြို့နယ်တွင် မေ ၄ ရက်မှ မေ ၈ ရက်အထိ စုရပ်များဖွဲ့၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း