ထားဝယ် မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကြက်စားပြင်ရပ်၊ အမှတ်(၂)အခြေခံ ပညာအလယ်တန်းကျောင်းဆောင်ဟောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ထို့နောက်ထားဝယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြက်စားပြင်ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေးနှင့်ပတ်သက်သည့်အသိပညာများ ရှင်းလင်းဟောပြောခဲ့ပြီး သက်ကြီးဘိုးဘွားများနှင့်ဒေသခံပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုးရောဂါ ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှု စမ်းသပ်စစ်ဆေးပေးကာဆေးကုသပေးသည်။
ဆက်လက်၍သက်ကြီးဘိုးဘွားများနှင့်ဒေသခံပြည်သူများလိုအပ်သည့်ဆေးဝါးများကိုပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)