(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များအား တွေ့ဆုံ

၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံနှင့် အဖွဲ့ဝင်တို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။

တာလေမြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအရ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နားအွန်ကျေးရွာရှိ ဆရာဦးကျားယော်အောက်မေ့ဖွယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် “အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် "အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး"ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ခေတ်မီစံပြကျေးရွာ(Smart Village) အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာတွင် ကျင်းပခဲ့သည်။

ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် ဘုရားအနေကဇာတင်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းရှိ ရွှေစည်းခုံစေတီ‌တော်မြတ်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီက ရွှေစည်းခုံဘုရားကြီး အနောက်တောင်ထောင့်ရှိ အင်္ဂါထောင့် တန်းဆောင်းတော်တွင်ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့၌ ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးခရိုင်အဆင့် (ဒုတိယ)အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်၊ ပြိုင်ပွဲဝင်ဆင်၊ မြို့မဈေးပတ်ဆင်များဖြင့် စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်အဆင့်(ဒုတိယ)အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ခရိုင်လမ်းဦးစီးဌာနရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာ  ၂၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ပလောက်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ငှက်ဖျားပိုးရှိ / မရှိ သွေးဖောက်စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေး သွေးဖောက်စစ်ဆေးပေးခြင်းကို စက်တင်ဘာလ ၂၅ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်

အောက်တိုဘာလ(၁)ရက်နေ့တွင်ရောက်ရှိမည့် (၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှဦးဆောင်၍စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁၂) တပ်မတော်ဆေးရုံ (ခုတင်-၁၀၀)၌ကျင်းပခဲ့သည်။

‎မဟာအောင်မြေမြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အချိန်မီပြီးစီးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to