ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကျောက်ဆည်မြို့နယ်ရှိ စီးပွားဖြစ် နွားမွေးတောင်သူများနှင့် တွေ့ဆုံ

ကျောက်ဆည် မေ ၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ ကျောက်ဆည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ စီးပွားဖြစ် နွားမွေးမြူတောင်သူ (၅၁) ဦးနှင့် တွေ့ဆုံခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စီးပွားဖြစ်နွားမွေးမြူတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ နွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ပြီး နွားမွေးမြူတောင်သူများမှ လိုအပ်ချက်နှင့် သိရှိလိုသည်များတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)