ပျော်ဘွယ် မေ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းစီစဉ်မှုဖြင့် ပျော်ဘွယ်မြို့နယ်၌ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နွေးစပါးစိုက်တောင်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ယူရီးယားဓာတ်မြေဩဇာများဖြန့်ဖြူးရောင်းချပေးခြင်းကို မေ ၈ ရက် နံနက် ၉ နာရီခွဲက ယင်းတော်မြို့မကျေးရွာတွင် ကျင်းပသည်။
ဓာတ်မြေဩဇာစုပေါင်းဖြန့်ဖြူးရောင်းချရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက နိင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိသလို တောင်သူများအနေဖြင့်လည်း စိုက်ပျိုးသည့်သီးနှံအပေါ်မူတည်၍ တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်သွားနိုင်ရေးတို့ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးညိမ်းဇော်က နွေစပါးသီးနှံအတွက် ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချ ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးသည်။
ထိုကဲ့သို့ဖြန့်ဖြူးရောင်းချပေးရာတွင် မြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧက ၃၀၀ အတွက် အားအင်သစ် ယူရီးယား ဓာတ်မြေဩဇာအိတ် ၃၀၀ ကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)