ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၈ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဘုတ်ပြင်းမြို့နယ်အတွင်းရှိ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်း ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက  ဘုတ်ပြင်းမြို့ ဗိုလ်လှဖေ ဆိပ်ခံတံတားသို့ရောက်ရှိ၍  တံတား ပြင်ဆင်ဆောင်ရွက်မည့်လုပ်ငန်းနှင့် ရေယာဉ်များ အချိန်မရွေး နေ့စဉ်ဝင်ထွက် သွားလာ ဆိုက်ကပ်နိုင်ရေးအတွက်  ဘုတ်ပြင်းချောင်းအား သတ်မှတ်ရေစူးရရှိအောင် စီမံဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်ဖြင့် ကျွဲ၊နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် ၁၀၀ စီမံချက်ဖြင့် ယမန်‌နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်အတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု​ ကြက်တောင်အသင်းအား ရှမ်းတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်က တွေ့ဆုံအားပေး

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်တောင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် မန္တလေးတိုင်းဒေသကြီး ကြက်တောင်အသင်းအား သြဝါဒစကားပြောကြားသည့်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန Pilot Project အစီအစဉ်ဖြင့် Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးလာရောက်ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန Pilot Project အစီအစဉ်ဖြင့် Football For School Program အရဖွင့်လှစ်သည့် ဘောလုံးသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးလာရောက်ကြည့်ရှုအားပေး တောင်ဥက္ကလာပ မေ ၈ မြို့နယ် (ပြန်/ဆက်)

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to