ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ် စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

မြို့သစ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ၏ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၄ ရက်မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းတုန်းမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ အ.ထ.က(မင်းတုန်း)မှ Grade-8 ကျောင်းသား၊ ကျောင်းသူ (၂၉)ဦး တက်ရောက်ခဲ့ကြသည်။

ကျောင်းကုန်းမြို့၌ ခွေးရူးရောဂါဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်ခန့်က အ.ထ.က(၁)ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့(အကြို) ခွေးရူးရောဂါဆိုင်ရာအသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့်(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မင်္ဂလာဒုံမြို့နယ် အ‌မှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှိ မြဧရာခန်းမ၌ ကျင်းပခဲ့သည်။

မူဆယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)အဆက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဟိုမွန်ရပ်ကွက်၊ ကချင်စာပေယဉ်ကျေးမှုရုံး (မနောကွင်း)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်ရုံးမှ ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show

ကမာရွတ်မြို့နယ်ရုံးမှ ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကမာရွတ် စက်တင်ဘာ ၂၅ စိမ်းလဲ့(ပြန်/ဆက်)

ပဲခူးမြို့တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၉ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁ဝ နာရီ က ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး အကြောင်းအသိပညာပေး Talk Show

မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး အကြောင်းအသိပညာပေး Talk Show မြောက်ဥက္ကလာပ စက်တင်ဘာ ၂၅ သက်လွင်စိုး(ပြန်/ဆက်)

ငါန်းဇွန်မြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီးဘုရားဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုံ၌ စက်တင်ဘာ ၂၆ရက်နေ့ မွန်းလွဲ ၁ နာရီက ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ကြောင်း သိရသည်။
Subscribe to