ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မီးဘေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြသခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု / မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၂၇) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ပင်လုံအိမ်ယာ အပိုင်း (၄)၊ အမှတ် (၃၉ / A)၊ PAHTAMA GROUP Co.,Ltd တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို မေ ၈ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ သက်တန့်ရောင်စီမံကိန်းဖြင့် မျိုး၊ မြေဩဇာသွင်းအားစုများ ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရက် (၁၀၀) စီမံချက် ကာလအတွင်း ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး တောင်သူများ ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်သန့်ရောင်) စီမံကိန်းမျိုး၊ မြေဩဇာသွင်းအားစုများ ထောက်ပံ့ပေးခြင်း လုပ်ငန်းအတွက် မိုးစပါး၊ ဝါ စိုက်ပျိုးမည့်ဥာဏ်တော်အင်း၊ လွန်ချီ၊ မွှန်းညောင်ပင်သာ၊ ဝါးရှိ၊ မကြီးစမ်း၊ ကုက္ကိုစမ်း၊ ကျေးရွာ (၆)ရွာရှိ အသင်းအမှုဆောင်များနှင့် အသင်းသားများအား (၇-၅-၂၆) ရက်နေ့မှ (၉-၅-၂၆) ရက်နေ့အထိ ရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်း၏ ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူးနှင့် ဒုလက်ထာက်ဦးစီးမှူးတို့မှ တောင်သူများအား အသိပညာပေးဆွေးနွေးပွဲကို မေလ (၇) ရက်၊ (၈) ရက်နေ့တွင် လပွတ္တလုပ်ကြီးကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ ကြပ်စဥ်ချောင်း ကျေးရွာတို့တွင်လည်းကောင်း ယမန်နေ့ နံနက်ပိုင်းက ထီယာလီကျေးရွာ၊ ကျွဲခြံရေကျော်ကျေးရွာတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မုံရွာခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၆) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)၏ (၁၀၆) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီ အချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဧပြီလထုတ် ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်းအမှတ်(၇)ဖြင့် ကျင်းပသည်။

သင်္ဃန်းကျွန်းခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ၂၀၂၆ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်းရှိ နေအိမ်များ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ (၅) နာရီက အမှတ် (၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးဘေး၌ ဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်းနှင့် UID ကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်အထက် ပြည်သူများအား အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း နှင့် UID ကောက်ယူ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း (ကျွဲပွဲ) ကျောင်း၌ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး (အနောက်) KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဆွေးနွေးမှု သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး (အနောက်) KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြို သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဆွေးနွေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ သာသနတက္ကသီလဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဂုဏ်ပြုပူဇော် ဓမ္မသဘင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း သာသနာ့ဗိမ္မာန်တော်၌ ယမန်နေ့ည ၇ နာရီက သာသနတက္ကသီလဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဂုဏ်ပြုပူဇော် ဓမ္မသဘင်ပွဲ ကျင်းပခဲ့သည်။
Subscribe to