သင်္ဃန်းကျွန်း မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ၂၀၂၆ ခုနှစ် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာထူးမောင်က အဖွင့်အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းခရိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဠက ဆက်လက်ပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်အမှာစကား ပြောကြားခဲ့ကြသည်။ ယင်းနောက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဠ များအား ဒေသန္တရစီမံကိန်းတာဝန်များ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ခရိုင်အဆင့်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိတ်ဆက်စကား ပြောကြားခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာထူးမောင်က နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့သည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာထူးမောင်၊ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဠ ဦးဇော်မိုးထိုက်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဠများ၊ ခရိုင်အဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)