ပြည် မေ ၉
ပဲခူးတိုင်းဒေသကြီး (အနောက်) KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြို သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဆွေးနွေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးမှူးရုံး (ရုံးခွဲ) ပြည်မြို့မှ ညွှန်ကြားရေးမှူး ဒေါက်တာ ချစ်ကိုကိုက သင်တန်းဆင်း အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမြင့်က လူမှုဝန်ထမ်းဦးစီးဌာနမှ နည်းပြဆရာမများအား ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ညွှန်ကြားရေးမှူး ဒေါက်တာချစ်ကိုကိုက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ သင်တန်းအား ဧပြီလ ၂၇ ရက်နေ့မှ မေလ ၉ ရက်နေ့ထိ (၁၀) ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်း သား၊ သင်တန်းသူ စုစုပေါင်း (၁၀၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ရွှေဝါဖူး (ပြန်/ဆက်)