ဆင်ပေါင်ဝဲ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရက် (၁၀၀) စီမံချက် ကာလအတွင်း ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး တောင်သူများ ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားဘဝမြှင့်တင်ရေး (သက်သန့်ရောင်) စီမံကိန်းမျိုး၊ မြေဩဇာသွင်းအားစုများ ထောက်ပံ့ပေးခြင်း လုပ်ငန်းအတွက် မိုးစပါး၊ ဝါ စိုက်ပျိုးမည့်ဥာဏ်တော်အင်း၊ လွန်ချီ၊ မွှန်းညောင်ပင်သာ၊ ဝါးရှိ၊ မကြီးစမ်း၊ ကုက္ကိုစမ်း၊ ကျေးရွာ (၆)ရွာရှိ အသင်းအမှုဆောင်များနှင့် အသင်းသားများအား (၇-၅-၂၆) ရက်နေ့မှ (၉-၅-၂၆) ရက်နေ့အထိ ရှင်းလင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယတိုင်း သမဝါယမဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွက် သမဝါယမဦးစီးဌာနမှ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားဘဝမြှင့်တင်ရေး(သက်သန့်ရောင်)စီမံကိန်းမျိုး၊ မြေဩဇာသွင်းအားစုများ ထောက်ပံ့ပေးခြင်း လုပ်ငန်းအတွက် မိုးစပါး၊ ဉာဏ်တော်အင်း၊ လွန်ချီ၊ မွှန်းညောင်ပင်သာ၊ ဝါးရှိ၊ မကြီးစမ်း၊ ကုက္ကိုစမ်း၊ ကျေးရွာ(၆)ရွာရှိ အသင်းအမှုဆောင်များနှင့် အသင်းသားများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)