မော်လမြိုင်ကျွန်းမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

မော်လမြိုင်ကျွန်း မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဟေမာန်ကျော်ဝင်း၏ ကြီးကြပ်မှုဖြင့် ဒုတိယဦးစီးမှူးနှင့် ဒုလက်ထာက်ဦးစီးမှူးတို့မှ တောင်သူများအား အသိပညာပေးဆွေးနွေးပွဲကို မေလ (၇) ရက်၊ (၈) ရက်နေ့တွင် လပွတ္တလုပ်ကြီးကျေးရွာ၊ ကညင်ချောင်းကျေးရွာ၊ ကြပ်စဥ်ချောင်း ကျေးရွာတို့တွင်လည်းကောင်း ယမန်နေ့ နံနက်ပိုင်းက ထီယာလီကျေးရွာ၊ ကျွဲခြံရေကျော်ကျေးရွာတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဦးစီးမှူးနှင့် ဒုလက်ထောက်ဦးစီးမှူးတို့က မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ မျိုးစေ့ ထုတ်နည်းပညာများ၊ ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်းလမ်းများ၊ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက် မြေယာပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ရွှေခရုကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရေမြေဒေသနှင့်ကိုက်ညီသော စပါးမျိုးများအား ခေါင်နှံမျိုးသန့်ပွားထားရှိရေးနည်းလမ်းများ၊ စီးပွားဖြစ်မှိုစိုက်ပျိုး ထုတ်လုပ်မှုနည်းလမ်များ၊ ရွှေခရု၏ ဘဝစက်ဝန်းနှင့် ဖျက်စီးမှုလက္ခဏာများ၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာထည့်သွင်းခြင်း၏ အကျိုးကျေးဇူးများစသည့်ခေါင်းစဥ်တို့ဖြင့် တောင်သူများနှင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရဲကိုမောင်  (ပြန်/ဆက်)