မုံရွာခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၁၀၆) ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာ မေ ၁၀

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club)၏ (၁၀၆) ကြိမ်မြောက် စာဖတ်ဝိုင်း အခမ်းအနားကို ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီ အချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဧပြီလထုတ် ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်းအမှတ်(၇)ဖြင့် ကျင်းပသည်။

ဦးစွာ မုံရွာမြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ မောင်စိန်လွင် (မင်းကင်း)က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာ ကျော်သက်ခိုင် (မုံရွာ)၊ အယ်ဒီတာအဖွဲ့ဝင်များဖြစ်ကြသော အေးမင်းထက် (မုံရွာ)၊  မြင့်အောင် (ရွှေဘိုသား) နှင့် မြတ်သုတ (မြန်မာစာ) တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီးနောက် တက်ရောက်လာကြသည့် စာပေဝါသနာရှင်များနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဝင်တို့က ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုနှင့် အက်ဆေးတို့ကို စိတ်ပါးဝင်စားစွာ ဆွေးနွေးခဲ့သည်။

ထို့နောက် ဆွေးနွေးမှုများအပေါ်  စာရေးဆရာအသင်းနာယက၊ ဆရာနေမင်းသန်း( မဲခေါင်စာပေဆုရ)နှင့် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ မောင်စိန်လွင် (မင်းကင်း)တို့က ပြန်လည်ဖြည့်စွက်ပြောကြားပြီးနောက် နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)