ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာတာဝန်ရှိသူများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မြစ်သားမြို့ပေါ်ရှိ အခြေခံပညာမူလတန်း‌ကျောင်းများတွင် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက မြို့ပေါ်အခြေခံပညာမူလတန်း‌ကျောင်းများမှ အသက် (၅)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေး (DT)နှင့် အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသည့် ပညာရေးဝန်ထမ်းသား၊ သမီးများအား ဆုငွေချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

ပညာရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရိုးရိုးအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသည့် ပညာရေးဝန်ထမ်းသား၊ သမီးများအား ဆုငွေချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေးနှင့် လုပ်ငန်းများပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ ထားဝယ်သူ/ထားဝယ်သားများ ဦးဆောင်ကျင်းပမည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်

သီတင်းကျွတ်မီးထွန်းပွဲတော်သည် မြန်မာလူမျိုးဗုဒ္ဓဘာသာဝင်များအတွက် သင်္ကြန်ပွဲတော်ပြီးလျှင် ဒုတိယမြောက် အစည်ကားဆုံး ကျင်းပခဲ့သောပွဲတော်ဖြစ်သည်။ ထားဝယ်ဒေသတွင် မိုးရာသီကာလကုန်ပါက ထားဝယ်အစဉ်အလာအရ ဘာသာရေးပွဲတော်များ၊ သီတင်းကျွတ်မီးထွန်းပွဲတော်၊ သပိတ်မျှောပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်များ စသည့်ရိုးရာပွဲတော်များ ပြုလုပ်လျက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဟိုတယ်ဇုန်ဧရိယာစိမ်းလန်းစိုပြေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်ကောင်စီနှင့် ဆွမ်းလောင်းအသင်းများအား ဆန်၊ ဆီ၊ ပဲ လောင်းလှူဒါန်းပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဟိုတယ်များတည်ဆောက်ပြုပြင်ရေးနှင့် ဟိုတယ်ဇုန်ဧရိယာစိမ်းလန်းစိုပြေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ခမောက်ကြီးမြို့တွင် အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ ပူးပေါင်း၍ အခြေခံပညာမူလတန်းလွန်ကျောင်း စမ်းသီတာရှိ ကျောင်းသား၊ ကျောင်းသူများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂ဝ၂၅) ဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို သဘာဝဘေးနှင့် မီးဘေးအန္တရာယ်တို့မှ အချိန်နှင့်တပြေးညီ ကာကွယ်ပေးနိုင်ရန်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်လျက်ရှိသော မြိတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂ဝ၂၅)ကို  ယမန်နေ့က သင်တန်းဆင်းပွဲ ကျင်းပသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်နှင့် ပတ်သက်၍ အသိပညာပေးခြင်း လက်တွေ့စမ်းသပ်ခြင်းတို့ကို ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာ၊ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအား MEVM မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအား ကြည့်ရှု၍ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
Subscribe to