မိုင်းယောင်းမြို့၌ သာသနတက္ကသီလဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဂုဏ်ပြုပူဇော် ဓမ္မသဘင်ပွဲ ကျင်းပ

မိုင်းယောင်း မေ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း သာသနာ့ဗိမ္မာန်တော်၌ ယမန်နေ့ည ၇ နာရီက သာသနတက္ကသီလဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဂုဏ်ပြုပူဇော် ဓမ္မသဘင်ပွဲ ကျင်းပခဲ့သည်။

သာသနတက္ကသီလဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်) ကျောင်းဆရာတော် အရှင်ဝဏ္ဏသာရ၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း လက်ထောက်ဆရာတော်များဖြစ်သည့် အရှင်လက္ခဏနှင့် အရှင်သုဒဿန၊ ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းယု)ကျောင်း လက်ထောက်ဆရာတော် အရှင်ဣန္ဒောဘာသတို့အား ဂုဏ်ပြပူဇော် ဂုဏဝိသိဌပူဇာ ဓမ္မသဘင်ပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် ထေရဝါဒဗုဒ္ဓသာသနာပြု (မိုင်းဟန်)ကျောင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဇဋိလက တရားရေအေး တိုက်ကျွေး ဟောကြားတော်မူရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် တာဝန်ရှိသူများ၊ ရပ်ဝေးရပ်နီးမှ တရားနာဧည့်ပရိသတ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

စိုင်းအောင်ဇော်လင်း