ဒဂုံမြောက် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှု / မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် (၂၇) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ပင်လုံအိမ်ယာ အပိုင်း (၄)၊ အမှတ် (၃၉ / A)၊ PAHTAMA GROUP Co.,Ltd တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို မေ ၈ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် (၂၇) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ပင်လုံအိမ်ယာအပိုင်း (၄)၊ အမှတ် (၃၉ / A)၊ PAHTAMA GROUP Co.,Ltd တွင် မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ ဆီမီးလောင်မှုအား လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို Operate Service Manager ဦးတင်မောင်ထွေးနှင့် ၀န်ထမ်း (၂၀၀) ဦးတို့အား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅)ဦးနှင့် အရန်တပ်ဖွဲ့ဝင် (၅) ဦးနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ (ပြန်/ဆက်)