လင်းခေးတပ်နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်) ကျင်းပ

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်ကူပြုစေရန်၊ အရိပ်အာ ဝါသရရှိစေရန်နှင့် နိုင်ငံ့စီးပွားအား တစ်ဖက်တစ်လှမ်း အထောက်အကူပြုစေရန်တို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့ တပ်နယ်စိုက်ကွင်းတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)ကို ယနေ့နံနက် (၇)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းခရိုင်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ကျောက်တော်ကြီး ဘုရားသုံးဆူပရိယတ္တိစာသင်တိုက်နှင့် နှင်းဆီကုန်းဘူတာအနီးတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၊ တောင်စွန်း-အောင်းစိုင်-ကျောက်တန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်း၊ အောင်းစိုင်နှင့် ကျောက်တန်းကျေးရွာတို့အား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ခရိုင်နှင့်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့မှ ယမန်နေ့နံနက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်အကြောင်း အသိပညာပေး ဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ငလျင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)ရှိ သော်ကဆောင် ခန်းမ၌ ကျင်းပခဲ့သည်။

ကျိုင်းတုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

သဲကုန်းမြို့နယ်တွင် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်စိုက်ပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ယ​နေ့နံနက် (၉)နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ အင်းမမြို့ရှိ ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက် ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနှင့် ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နယ်စပ်ဒသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(သထုံ)၌ ကျင်းပပြုလုပ်သည်။

ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ယမန်နေ့ မွန်းလွဲ  ၁ နာရီအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို အ.ထ.က(၁)ကျောင်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား/သူ(၁၄၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့ပြဆေးခန်း(UHC)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့ပြဆေးခန်း(UHC)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဆေးခန်း၌ ပြုလုပ်ခဲ့သည်။
Subscribe to