ကျိုင်းတုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အကြိုဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်းခန်းမတွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်က အမှာစကားပြောကြားပြီး ကျိုင်းတုံတက္ကသိုလ်၊ မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာခင်မြင်မော်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်း ကျောင်းသား၊ ကျောင်းသူများအား ဟောပြောသည်။

ထို့‌နောက် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံး ပြိုင်ပွဲဆုရရှိသူများကို ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)