သဲကုန်း ဇူလိုင် ၅
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ကျရောက်သည့် (၁၀၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ယနေ့နံနက် (၉)နာရီက မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းတို့ပူးပေါင်း၍ အင်းမမြို့ရှိ ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက် ငါးမွေးမြူရေးကန်ပေါင်များတွင် သစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မောင်စန်းနှင့် ချမ်းမြေ့ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးသန်းဝင်းတို့ ဦးဆောင်၍ စားပင်သီးပင်များဖြစ်သည့် ငှက်ပျောပင်များကို မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် ငါးမွေးမြူရေးကန် လုပ်သားများ ပူးပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)