ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့ပြဆေးခန်း(UHC)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ်  ဇူလိုင်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့ပြဆေးခန်း(UHC)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဆေးခန်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက မြို့ပြဆေးခန်းတွင် ဆောင်ရွက်ပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။

ပုသိမ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့ပြဆေးခန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက်(၀၉း၃၀) မှ ညနေ (၁၄း၃၀)နာရီထိ ဖွင့်လှစ်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်