လင်းခေးတပ်နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်) ကျင်းပ

လင်းခေး ဇူလိုင် ၅

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်၊ ရာသီဥတုကို အထောက်ကူပြုစေရန်၊ အရိပ်အာ ဝါသရရှိစေရန်နှင့် နိုင်ငံ့စီးပွားအား တစ်ဖက်တစ်လှမ်း အထောက်အကူပြုစေရန်တို့ကို ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့ တပ်နယ်စိုက်ကွင်းတွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)ကို ယနေ့နံနက် (၇)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးပွဲမကျင်းပမီ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် (တပ်မတော်လေ့ကျင့်ရေး)မှ ဗိုလ်ချုပ် စန်းယုနိုင်၊ စစ်ဗျူဟာအဖွဲ့၊ (အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်တို့က   ပျိုးပင်များပေးအပ်ခဲ့ကြရာ တာဝန်ရှိသူတို့မှ လက်ခံရယူခဲ့ကြပါသည်။

ဆက်လက်၍ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် တပ်နယ်မှူး၊ အမှတ်(၁၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူး ချုပ်ကျော်စွာဝင်း၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးတို့ ဦးဆောင်ကာ တက်ရောက်လာကြသူများအားလုံးက ရတနာတန်းဝင် ကျွန်းပင် စုစုပေါင်း (၁၁၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် အကြီးအကဲများက သစ်ပင်စိုက်ပျိုးနေမှုအခြေအနေအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

သစ်ပင်စိုက်ပွဲတော်သို့ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ တပ်နယ်မှူး၊ အမှတ်(၁၇)စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း (၅၅၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)