ညောင်ဦးမြို့နယ်၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲနှင့် ဉာဏ်ရည်တု (AI) နည်းပညာပြန့်ပွားရေး လုပ်ငန်းဆောင်ရွက်

ညောင်ဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ခုနှစ်၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဉာဏ်ရည်တု (AI) အသုံးပြုနည်းပညာ တောင်သူနည်းပညာ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ကျင်းပရာ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ချယ်ရီသန်းမှ အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ ဉာဏ်ရည်တု (Al) နည်းပညာအား တောင်သူများ နားလည်သိရှိအသုံးပြုတတ်စေရန်နှင့် တောင်သူများ၏ ဖုန်းထဲဉာဏ်ရည်တု(Al) software များအား ထည့်သွင်းပေးခြင်း၊ အသုံးပြုနည်းလမ်းများကို စမ်းသပ်ပြသခြင်း စသည့်ပညာရပ်များ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအုပ်စု (၅)အုပ်စု၊ တောင်သူ (၁၅)ဦးတို့အား ဉာဏ်ရည်တု (Al) နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေးရိုးဗစ်)သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပြိုင်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေးရိုးဗစ်)သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံက်ပိုင်းအချိန်က လှည်းကူးမြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ် နမ့်မော်ခေါက်ဆင့်ကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲပြုလုပ်

မွန်ပြည်နယ် ပေါင်မြို့နယ်၌၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲပြုလုပ်ခြင်းကို ယမန်နေ့ည‌နေပိုင်းက ပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် တာမွေလေးရပ်ကွက်ရှိ တာမွေလေးဂုံးကျော်တံတားအနီး တာမွေဘူတာရပ်ဝန်းမှ မေတ္တာညွန့်ဘူတာရပ်ဝန်းအတွင်း ရထားလမ်းမိုင်တိုင် (၃/၄-၅) ကြားနေရာ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်နည်း သရုပ်ပြခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်၍ အမှိုက်များစွန့်ပစ်ရာတွင် စနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန် ရည်ရွယ်၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နည်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် (၁၂)နာရီက အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး  ကဗျာရွတ်၊ ပုံပြောနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာနတွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်၊ ပုံပြောနှင့် ဥာဏ်စမ်းပဟေဠိပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၌ ယခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၃၉၉ လျာထားစိုက်ပျိုးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ မိုးစပါး(၁၃၉၉)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး၏ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများအား ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်  ကျောင်းထိုင်ဘုန်းကြီး သင်တန်းအမှတ်စဉ်(၁၈) သင်တန်းဆင်းပွဲနှင့် အမှတ်စဉ်(၁၉)သင်တန်းသားအသစ်ကြိုဆိုပွဲ   တက်ရောက်

 ဧရာဝတီတိုင်းဒေသကြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သင်တန်းအမှတ်စဉ် (၁၈)သင်တန်းဆင်းပွဲနှင့်  အမှတ်စဉ်(၁၉)သင်တန်းသားအသစ်ကြိုဆိုပွဲ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ ဗိမာန်တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီချုပ်နှင့် ဌာနဆိုင်ရာများ တက်ရောက်ကြည်ညိုသည်။
Subscribe to