ကဝမြို့နယ် အ.လ.က(ချောင်းခွ)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ချောင်းခွ)တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းက နေပြည်တော်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများထောက်ပံ့ပေးအပ်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ငလျင်ဘေးကြောင့်ထိခိုက်ခံစားရသော ပြည်ထောင်စု နယ်မြေနေပြည်တော်အတွင်းရှိ ပြည်သူများအတွက် ငလျင်စတင်လှုပ်ခတ်သည့် မတ်လ(၂၈)ရက်နေ့မှ ယနေ့အထိ (၃)လကျော်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်ပေးသည့်ကဏ္ဍတွင် လူဦးရေ ၁၁၁ ဦးအား လူနာ တင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်း၊ လူဦးရေ ၁၈၇ ဦးအား စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သန်လျင်မြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘုရားကုန်းကျေးရွာအုပ်စုရှိ အလွမ်းဆွတ် အ.မ.ကခွဲ၌ ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်၌ အောင်နိုင်တိုးနွေစပါး စံကွက်ရိတ်သိမ်း အစို(၁၆၀)တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စိုက်ပျိုးရေးသုတေသနခြံတွင် စိုက်ပျိုးထားသည့် အလားအလာကောင်း၊ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်စပါးမျိုးသစ် အောင်နိုင်တိုးနွေစပါးမျိုးသစ်အား ဇွန်လ ၄ ရက်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းရာ အစိုစပါး(၁၆၀)တင်း ထွက်ရှိကြောင်းသိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ နေပြည်တော်/ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများအနှင့်အတူ ယနေ့နံနက်ပိုင်း ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဖူဆယ်လောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁၁) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVID-19 Pfizer JN-1)ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁၁) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၌ တပ်မတော်စစ်သည်အရာရှိများနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVID-19 Pfizer JN-1) ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဇူလိုင် ၄ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံ  သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံ သက်တမ်းတိုးနိုင်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၄ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး‌

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ယနေ့နံနက်နံနက်ပိုင်းက ခွဲစိတ်ကုသမှုများပြုလုပ်ပေးရာ ပဲခူးတိုင်း‌ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ ဥက္ကဋ္ဌဒေါ်စန္ဒာထွေးနှင့် အဖွဲ့များ၊ ခရိုင်နှင့် မြို့နယ်ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များမှ  ကြည့်ရှုအားပေးခဲ့ကြသည်။

သင်္ဃန်းကျွန်းခရိုင် ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်)၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမြို့ဦး ဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းကျင်းပပြုလုပ်ခဲ့ရာ ဘာသာ‌ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးနှင့် ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
Subscribe to