အလုံမြို့နယ်၌ နိုင်ငံ့၀န်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ဆက်လက်ထိုးနှံပေး

အလုံမြို့နယ်၌ နိုင်ငံ့၀န်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer (Comirnaty JN.1) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ်၌  သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်း လေ့ကျင့်ရေး သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့်  အရေးပေါ်အခြေအနေဖြစ်လာပါက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေးနှင့် ရှေးဦးသူနာပြုစုနည်း လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက ရန်မျိုးအောင်ရပ်ကွက်၊  မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် အမှိုက်ပုံးများပေးအပ်ခြင်း အခမ်းအနားပြုလုပ်

စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရန် လက်တွေ့သရုပ်ပြသခြင်းနှင့် အမှိုက်ပုံးများပေးအပ်ခြင်းကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယမန်နေ့နံနက်က ကျင်းပသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများအား ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဇော်ထွန်းအောင်က စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် အမှိုက်ပုံးများ အရောင်ခွဲခြားသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများက အမှိုက်စွန့်ပစ်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းခဲ့မှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲတီစိမ်းနှင့်ကုလားပဲ  (၃၂၅၇၈) ဧက စိုက်ပျိုးခဲ့ပြီး (၃၅၉၈၂) တင်း ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ ထောပတ်ပဲနှင့် အခြားပဲမျိုး စုစုပေါင်း (၅၅၈၃၆) ဧက  စိုက်ပျိုးခဲ့ပြီး (၃၅၉၈၂)တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အားကစားကွင်း၊ အားကစားရုံများနှင့်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သန်လျင်မြို့နယ်၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စစ်ဆေး

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဘုရားကုန်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

ကန့်ဘလူမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

ပေါင်းတည်၌ မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့် အသစ်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့်  အသင်းအမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ယုဇနခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to