ပုသိမ် ဇူလိုင် ၂
ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် (၂၄)ကြိမ်မြောက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အဆင့်မြင့် ပညာအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ မြတ်လေးဆောင်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ဘွဲ့ကြိုသင်တန်းနှင့် ဘွဲ့လွန်သင်တန်းများမှ ပြိုင်ပွဲဝင်များယှဉ်ပြိုင်ရမည့်ခေါင်းစဉ်များကို မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စာစီစာကုံးယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ပုသိမ်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)၊ နည်းပညာတက္ကသိုလ်(ပုသိမ်)တို့မှ ဘွဲ့ကြိုသင်တန်းသား(၈၉)ဦး၊ ဘွဲ့လွန်သင်တန်းသား (၂၇)ဦး၊ စုစုပေါင်း(၁၁၆)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)