ဇေယျာသီရိ ဇူလိုင် ၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် အောင်ဇေယျရပ်ကွက် “ရှေ့ဆောင်” စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပသည်။
ဦးစွာ အောင်ဇေယျရပ်ကွက် “ရှေ့ဆောင်” စာကြည့်တိုက်အဆောက်အဦသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်နိုင်၊ ဇေယျာသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေဖတ်ရှုနေမှုနှင့် စာအုပ်စာစောင်များထားရှိမှု အခြေအနေများ ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်ဇေယျရပ်ကွက်အုပ်ချုပ်ရေးမှူးအား စာကြည့်တိုက်ဆိုင်ရာအချက်အလက်များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့် တာဝန်ရှိသူများက နေပြည်တော်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် စာအုပ်စာစောင်များအား သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)