တောင်တွင်းကြီးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့လယ် ၂ နာရီအချိန်က အမှတ် () အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးခင်မောင်ရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မိုးရာသီကာလအတွင်းအဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်များမခိုအောင်းနိုင်စေရန် ကျောင်းပတ်ဝန်းကျင်အတွင်း သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအားစစ်ဆေးခြင်း၊ ခြင်များမခိုအောင်းနိုင်စေရန် မိုးရေတင်ကျန်နေသော တာယာဟောင်းများ၊ ရေအိုး၊ ရေခွက်များ၊ ရေတိုင်ကီ၊ ဘုရားပန်းအိုးနှင့် သောက်သုံးရေကန်များကို ဖုန်၊ သွန်၊ လဲ၊ စစ်ဆေးဆောင်ရွက်ခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)