သာယာဝတီခရိုင်/မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီမှ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သာယာဝတီခရိုင်/မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝးကို မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီက သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ကျင်းပသည်။

ကော့မှူးမြို့နယ် ကျိုက်ထော်ကျေးရွာတွင် မသန့်ရှင်းသောအစားအသောက်များ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တက်သောရောဂါများ ဖြစ်ပွားမှုလျှော့ချရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျိုက်ထော်‌ကျေးရွာဈေးကြီး အတွင်း / အပြင်၌ အစားအသောက်ရောင်းချသောဆိုင်များအား လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

ရေတာရှည်မြို့တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကွင်းကြီးကျေးရွာအုပ်စုနှင့် အမှတ် ၇၅ သံချပ်ကာ တပ်တို့တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်နေ့  မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျိုက်မရောမြို့နယ်၌ မွန်စာပေသင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် နွေရာသီကျောက်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ငယ်စဥ်ကလေးဘဝမှစတင်ကာ တိုင်းရင်းသားစာပေဖြစ်သည့် မွန်စာပေ၊ မွန်ဘာသာစကားကို ကျွမ်းကျင်စွာ ပြောတတ်ရေးတတ်စေရန်ရည်ရွယ်၍ အခြေခံမွန်စာပေသင်တန်းကို ဧပြီ ၁ ရက်မှစတင်ကာ ရက်ပေါင်း (၄၀) ထိ သင်ကြားပို့ချပေးခဲ့ပြီး ယမန်နေ့နံနက် (၉) နာရီအချိန်က မွန်စာပေသင်တန်းဆင်းပွဲကို ကျိုက်မရောမြို့ဘုရားကြီးဝင်းရှိ ကဇာတ်ရုံ၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကုန်တင်ကုန်ချ လုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ကူညီမှု၊ စေတနာရှင်ပြည်သူများ၏ ပံ့ပိုးမှုတို့ဖြင့်ကုန်တင်ကုန်ချလုပ်သားများနှင့် စည်ပင်အခြေခံဝန်ထမ်းများအား အခမဲ့ဆေးကုသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကုသပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ကန့်ဘလူမြို့နယ်အတွင်း၌ လယ်ယာလုပ်ငန်းခွင်ဝင်ရန် မြေပြုပြင်ထွန်ယက်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မေလဆန်းပိုင်းကစတင်၍ ရွာသွန်းခဲ့သောမိုးများကြောင့် မြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်းခွင်ဝင်ရန် မြေပြုပြင်ထွန်ယက်ခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်းသိရသည်။

ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့်စစ်တုရင် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံအင်္ဂလိပ်စာ၊ ပန်းချီနှင့်စစ်တုရင်သင်တန်းဆင်းပွဲအခမ်းအနားကို မေ ၁၁ ရက် နံနက် ၁၀ နာရီက သင်တန်းဆင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေ ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ရပ်ကွက်လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လမ်းနှိမ်နင်းရေး(Abate Campaign) လုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင် စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့မေလ ၁၁ ရက် နံနက်(၈)နာရီက မြို့ပေါ်စျေးမရပ်ကွက် အတွင်းရှိ ပြည်သူတို့၏နေအိမ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။

ကျွန်းလှမြို့နယ်၌ မိုးမြေပဲ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးမြေပဲစိုက်ပျိုးသော ဒေသခံတောင်သူများ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းခွင်တွင်ကျယ်စေရန်အတွက် ယနေ့နံနက်ပိုင်းက မျိုးချကိရိယာဖြင့် စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ရပ်ကွက်၊ ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို မေ ၉ ရက်နေ့ နံနက်ပိုင်းက ဒေးဒရဲမြို့နယ်၊ တော်ကမယ်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
Subscribe to